မြို့သစ် ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၁ နာရီက ပုလင်းကြီးကျေးရွာအုပ်စု၊ သီးပင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာအကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)