ရေနံချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

ရေနံချောင်း ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့က ရေနံချောင်းမြို့ လမ်းမတော်လမ်းမကြီးဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာကို စုပေါင်းစိုက်ထူခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေစိုက်ပိုစတာကို အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။

အဆိုပါ မြေစိုက်ပိုစတာတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုတိုင်းရင်းသားညီကိုမောင်နှမများ၏ ရိုးရာဝတ်စုံများနှင့် စည်းလုံးညီညာစွာ မှတ်တမ်းတင်ရိုက်ကူးထားသည့်ဓာတ်ပုံ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောက်တိုင်နှင့် အဆောက်အဦးတို့ပါရှိပြီး ပြည်သူများ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်စေရန်နှင့် တန်ဖိုးထားထိန်းသိမ်းတတ်စေရန် စိုက်ထူပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)