ကလေးဝ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးအရာရှိ ဦးမျိုးသိင်္ခ ဦးဆောင်သော ပူးပေါင်းအဖွဲ့က မြတ်မေတ္တာမွန်စက်သုံးဆီအရောင်းဆိုင်၊ ပန်းသီးစက်သုံးဆီ အရောင်းဆိုင်နှင့် ကြယ်စင်ဟိန်းစက်သုံးဆီ အရောင်းဆိုင်တို့အား မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကွင်းဆင်း၍စစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအား မီးတားလမ်းများ ဖောက်လုပ်ထားရှိမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးဘေးအန္တရာယ်ကာကွယ်ထားရှိမှု၊ မီးသတ်ရေကန်ထားရှိမှု၊ ဆီးမီးငြှိမ်း Foam ဆေးရည်ထားရှိမှုစသည့် အချက်များအား ကွင်းဆင်း၍စစ်ဆေးခဲ့ပြီး အပူချိန်မြင့်မားချိန်တွင် ဆီဖြည့်ခြင်းအား အမိုးအကာအောက်၌ ပြုလုပ်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)