သဲကုန်း ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်း(တပ်)ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့နောက်ခံသမိုင်းကြောင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်တာဆီးကာကွယ်ရေးသိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး သိကောင်းစရာများအား အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေရန် ရှန်တီစေတနာအဖွဲ့မှလှူဒါန်းသောစာအုပ်ဖြင့် ပုံပြင်ပြောခြင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြသည်။
မြို့နယ် (ပြန်/ ဆက်)