သံတောင်ကြီးမြို့တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

သံတောင်ကြီး  ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် () နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးပြီး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်အသည်းရောင် အသားဝါ (ဘီ)   ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန် ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို ကျန်းမာရေးဆရာမ ဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခြင်း ကလေးငယ်များအား ပေါင်ချိန်တိုင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                        

စောမင်းသား(ပြန်/ဆက်)