မင်းဘူး ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တောင်ရပ် စကုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပတဲ့ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် ပေါင်းစုလုပ်ကိုင်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာခြင်း၊ လူငယ်အချင်းချင်း အသိပညာ ဖလှယ်ကြတတ်စေခြင်း၊ ပြောရဲဆိုရဲရှိခြင်း၊ တွေးခေါ်မျှော်မြင် ကြံဆတတ်ခြင်းတို့ကို ရရှိစေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ဆွေးနွေးပြောကြားရာ Grade-10 နှင့် Grade-9 မှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ကျန်းမာရေးနှင့် လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက မရှင်းလင်းသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်း ဟောပြောရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူလေးများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)