စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် တောင်သူလယ်သမားစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဆင်းပွဲကျင်းပ

ပုလဲ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊    ယင်းမာပင်ခရိုင်၊   ပုလဲမြို့နယ်၊  မုံသွင်ကျေးရွာ၊ တောင်သူ နည်းပညာ ပြန့်ပွားရေးစင်တာ၌   စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက် အကူ စီမံကိန်းအရ   ဆောင်ရွက်ခဲ့သော   တောင်သူ လယ်သမားစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို   ဒီဇင်ဘာ    ၃ ရက်၊ နံနက်   ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေဦးစွာ   ခရိုင်စိုက်ပျိုးရေးဦးစီးဌာန    လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးဝင်းက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်းအရ  မုံသွင်ကျေးရွာ၊ တောင်သူနည်းပညာ ပြန့်ပွားရေးစင်တာ၌ရာသီဥတုနှင့်လိုက်လျောညီသော စပါးစိုက်ပျိုး ထုတ်လုပ်ခြင်းအပေါ်  စပါးသီးနှံရာသီ တလျောက် ပေါင်းစည်းသီးနှံစီမံခန့်ခွဲမှု  တောင်သူ လယ်သမားပညာပေးသင်တန်းကျောင်းကို      ဖွင့်လှစ်၍    တောင်သူလယ်သမား စွမ်းဆောင် ရည် မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက မြို့နယ်ရုံးမှ   စိုက်ပျိုး‌ရေးပညာရှင်များက တောင်သူများအား    စိုက်ပျိုးရေး   ပညာရပ်များကို    စာတွေ့   လက်တွေ့  သင်ကြားပေးခဲ့ကြောင်း၊တောင်သူများအနေဖြင့်လည်း မိမိတို့သင်ယူ တတ်မြောက် ခဲ့သော စိုက်ပျိုးရေးပညာရပ်များဖြင့် မိသားစုဘဝဖွံ့ဖြိုးတိုးတက်အောင်နှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လည်း ကြိုးစားဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြတ်မိုးဝင်း၊မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးနှင့်  တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ  တောင်သူလယ်သမားစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်   ၂၄ ရက်နေ့မှဒီဇင်ဘာ၃ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားတောင်သူ ၂၅ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)