ကဝမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ကျင်းပ

ကဝ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက အုန်းနှဲကျေးရွာ၊ (PRO-5)ဖူဆယ် အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမျိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

အဆိုပါ အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် ဖေဖော်ဝါရီလ(၄)ရက်နေ့မှ ဖေဖော်ဝါရီ(၁၂) ရက်နေ့အထိ (၉)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် GAD STAR FC အသင်းနှင့်စိုက်ပျိုးရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)