ချောင်းဆုံမြို့နယ်၌ သစ်တောထိန်းသိမ်းရေး ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော

ချောင်းဆုံ ဖေဖော်ဝါရီလ ၄            

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် ဖြစ်ပေါ်လာ၍ သဘာဝသစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရေးအတွက် မော်လမြိုင်(တွဲဖက်) ချောင်းဆုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မုနိုင်းကျေးရွာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

အဆိုပါ အသိပညာပေးဟောပြောပွဲကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ် သစ်တော ဦးစီးဌာန တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးတို့ကမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ၊ ရေသယံဇာတထိန်းသိမ်းရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာများ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)