ပိုင်ကျုံ ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ဆီထွက်သီးနှံဖြစ်နှမ်းများကိုလည်း စိုက်ပျိုးလျက်ရှိပြီး နှမ်းနက်(ခေါ်) စမုံနက်နှမ်းစိုက်တောင်သူများ နှမ်းဈေးကောင်းရ၍ မိသားစုစားဝတ်နေရေး ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါနှမ်းနက်ကို စိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် နှမ်းမျိုးအနေဖြင့် (၂) ပြည်ခန့်အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး (၂၅)ရက်အကြာတွင် ရောဂါပိုးမကျရောက်စေရေးနှင့် သီးနှံဖြစ်ထွန်းစေရေးအတွက် ပိုးသတ်ဆေးများဖြန်းပေးခြင်းနှင့် မြေဩဇာကျွေးခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ နှမ်းတစ်ဧကတွင် အပင်အပြုအစု၊ ရာသီဉတုနှင့် မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကတွင် (၁၄) တင်းမှ (၂၀) တင်း ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်သည့်အတွက် နှမ်းများပိုမိုဖြစ်ထွန်းလျက်ရှိကြောင်း၊ နှမ်းတစ်တင်းကို ငွေကျပ် (၁၅၀၀၀၀) ခန့် ရောင်းချရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် ပိုမိုအဆင်ပြေလျက်ရှိကြောင်း နှမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပိုင်ကျုံမြို့တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည် ဆန်၊ စပါး စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသည့်အပြင် မိသားစုဆီဖူလုံရေးအတွက် ဆီးထွက်သီးနှံများဖြစ်သည့် နှမ်းနှင့်မြေပဲများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)