လိပ်သို ဖေဖော်ဝါရီ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဦးက ကျောင်းသား/ကျောင်းသူများအား အမှာစကား ပြောကြားပေးခဲ့ပြီး အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်အေးက ပြည်ထောင်စုနေ့အကြောင်းနှင့် ပြည်သူ့နီတိအကြောင်း သိကောင်းစရာများကို ဟောပြောပေးခဲ့သည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ပြုလုပ်ရာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၉) ဦးတို့က ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ မိမိတို့ကျရာ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ကျောင်းသူများအား အတုယူစရာများ၊ ပြုပြင်စရာများတို့ကို သွန်သင်ဆုံးမပြောကြားခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)