ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ့နှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်က မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းများနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် သတိရှိစေရန် မီးကို မပေါ့ဆရန် မီးလောင်မှုဖြစ်ပွားပါက အသက်အိုးအိမ်များ ဆုံးရှုံးတတ်ကြောင်း မီးသတ်ဆေးဘူး အသုံးပြုပုံတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ လက်တွေ့ဇာတ်တိုက်သရုပ်ပြရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ကျောင်းသား၊ ကျောင်းသူများက လက်တွေ့မီးငြှိမ်းသတ်ခြင်း မီးသတ်ကားဖြင့် ရေပက်ဖျန်းခြင်းတို့ကို ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)