ကျောက်ကြီး ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် တောင်ငူတန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး တက်ရောက်အဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ၊ ယနေ့ ကျောင်းသားလူငယ်များအား ပြည်ထောင်စုနေ့နှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များ ဟောပြောခဲ့ပြီး၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်ပိုစတာများပြသခြင်း၊ စာအုပ်စာစောင်များ ပြသဖတ်ရှုစေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဒုတိယမြို့နယ် ပညာရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ တောင်ငူတန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် နံရံကပ်ပိုစတာများနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)