သဲကုန်းမြို့နယ်၌ ဆန်ဆိုင်များ၊ စိုက်ပျို​ရေးဆေးပစ္စည်းအ​ရောင်းဆိုင်များနှင့် ဆေးဝါးအရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

သဲကုန်း ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ​မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆန်ဆိုင်များ၊ စိုက်ပျို​ရေးဆေးပစ္စည်းအ​ရောင်းဆိုင်များနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့်လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစောပြည့်စုံဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် အများပြည်သူများသုံးစွဲရန် မသင့်သည့် ဆေးဝါးများအား၊ နေ့စဉ်ထုတ်သတင်းစာများတွင် အသိပေးကြေညာထားပြီးဖြစ်ရာ အဆိုပါ ဆေးဝါးများအား စျေးကွက်အတွင်း၊ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေးလိုက်လံစစ်ဆေးခြင်း၊ ဆန်အရောင်းဆိုင်များတွင် သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ပစ္စည်းပြတ်လပ်မှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ စိုက်ပျိုးရေးဆေးပစ္စည်းအ​ရောင်းဆိုင်များတွင် ပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ထားသော တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ၊ သက်တမ်းလွန်​ဆေးပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ အခြေအနေများ၊ရောင်းချသည့် ဈေးနှုန်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ ဆက်)