ပန်းတောင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ပေးအပ်

ပန်းတောင်း ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၉) နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငွေကြေးပေးအပ်မှု အစီအစဥ်အရ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွား (၈၉၈) ဦးအတွက် စုစုပေါင်းငွေကျပ် (၇၇,၆၁၀,၀၀၀ိ/-) သိန်းအား ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပေးအပ်လျက်ရှိရာ ယမန်နေ့ထိ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ သက်​ကြီးဘိုးဘွား (၁၉၅) ဦးအား စုစုပေါင်းငွေ (၁၆,၂၉၀,၀၀၀ိ/-) သိန်းအား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများရှိ ဘိုးဘွားများအား ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)