ဖြူး ဖေဖော်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.ထ.က(၂)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးအောင်ကျော်မိုးက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာများကို အသိပညာပေးဟောပြောရာ ဖြူးမြို့နယ်မီးသတ်ဦးစီးမှူးဦးချမ်းဟိန်းလင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်ယဉ်နွဲ့နှင့် ဆရာ/ ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများစုစုပေါင်း (၁၆၅)ဦးခန့်တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)