ကျောက်တန်း ဖေဖော်ဝါရီ ၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်ရှိကံဦးလမ်းအား ယနေ့နံနက်(၈)နာရီ(၄၅)မိနစ်အချိန်က ဖွင့်ပွဲကျင်းပခဲ့သည်၊၊
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စည်ပင်သာယာအဖွဲ့၏ လုပ်ငန်းဆောင်တာများကိုရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်၊၊ အဆိုပါ လမ်းဖွင့်ပွဲကို ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးချမ်းမြေ့ဦး၊ အဖွဲ့ဝင်(၂)ဦးစိုးမြင့်ကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးမြင့်ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆွေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်၊၊
အဆိုပါလမ်းမှာ ယခင်ကတ္တရာလမ်းဖြစ်ပြီး ပျက်စီးနေခြင်းကြောင့် ရပ်ကွက်နေပြည်သူများ ခရီးသွားပြည်သူများ သွားလာရေးအစဥ်ပြေစေရန် မြို့နယ်စည်ပင်သာယာမှ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်(၃၂၅)ပေ အကျယ်၁၆ ပေ၊ ထု ၉ လက်မ ကွန်ကရစ်လမ်းအဖြစ် ခွင့်ပြုရန်ပုံငွေကျပ်(၃၂.၉၁၂)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ထိုကွန်ကရစ်လမ်းမှာ ရွှေကုန်းရပ်ကွက်နှင့်အလယ်ပိုင်းရပ်ကွက်တို့အား ဆက်သွယ်ထားသောလမ်းဖြစ်သည်၊၊ ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားသော ဌာနဆိုင်ရာ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်ဆက်)