သန်လျင်၌ အဋ္ဌမအကြိမ်မြောက် ပရိယတ္တိတံခွန်စာမေးပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၄

သန်လျင်ခရိုင်၊ သန်လျင်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မဟာခေမိကာရာမ ရွှေကျင်စာသင်တိုက်၌ ပရိယတ္တိတံခွန်စာမေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အဆိုပါ စာသင်တိုက်၌ စတင်ကျင်းပသည်။

ပရိယတ္တိတံခွန်စာမေးပွဲသို့ သန်လျင်ခရိုင်အတွင်း မြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ၊ သံဃာတော်များနှင့် သီလင်ရှင်ဆရာကြီး၊ ဆရာလေး စုစုပေါင်း (၃၃၂) ပါးတို့က ဝင်ရောက်ဖြေဆိုတော်မူလျက်ရှိသည်။

အဆိုပါ စာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းနှင့် အခြေပြုမူကြိုတန်းတို့ကို ဖေဖော်ဝါရီလ (၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်/ပြန်ဆက်)