ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား တတိယအကြိမ် ကျောင်းတွင်းနေ့လည်စာအာဟာရကျွေးမွေး

ဒဂုံမြောက် ဖေဖေါ်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား(တိယ)အကြိမ် ကျောင်းတွင်း‌ နေ့လည်စာအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက (၄၉)ရပ်ကွက်ရှိ အမှတ်() အခြေခံပညာမူလတန်းကျောင်းနှင့် (၄၆) ရပ်ကွက်ရှိ အမှတ်()အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။ 

အာဟာရကျွေးမွေးရာ၌ အမှတ် () အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ(၃၆)‌ဦး၊ အမှတ် ()အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ (၃၄) ဦး စုစုပေါင်း KG ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးတို့အား ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစေရန် အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့် ရေဓါတ်စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် ထမင်း၊ ရွှေဖရုံသီဟင်း၊ ကြက်သားဟင်း၊ ပဲနို့စသည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။

အဆိုပါ‌ ကျောင်းတွင်း နေ့လည်စာအာဟာရ ကျွေးမွေးရာနေရာများသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ကျန်းမာရေး၀န်ထမ်းများက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မြင့်မြင့်ရီ