ဒေါပုံမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆက်လက် ဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ် ဆေးထိုးနှံတိုက်ကျွေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို လတစ်လ၏ ပထမပတ်တွင် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသော ကလေးများနှင့် မိခင်များအား ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ လူစု လူဝေးမဖြစ်စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ကလေး ငယ်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆေးထိုးဆေးတိုက် ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)