မုံရွာမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ e.cigarettes (သို့မဟုတ်) vape နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၅

မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မုံရွာမြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာတိုး ပွားစေရေးအတွက် ရည်ရွယ်ပြီး e.cigarettes (သို့မဟုတ်) vape နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မုံရွာမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက e.cigarettes (သို့မဟုတ်) vape နှင့်ပတ်သက်သော အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က e.cigarettes အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်မိုးမေက ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် မုံရွာမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းနှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါကျောင်းရှိ မုန့်ဈေးဆိုင်များနှင့် ရပ်ကွက်များရှိ ဈေးဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးနှင့် လျော်ညီသည့် မုန့်များ၊ အစားအစာများကိုသာ ရောင်းချရမည့်အပြင် e.cigarettes (သို့မဟုတ်) vape များ  (လုံးဝ)မရောင်းချရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)