ကလေးမြို့နယ် စုပေါင်းရုံးတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်း(၈/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကလေး ဖေဖော်ဝါရီလ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း (၈/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားစေရန် အိမ်တွင်းစက်မှု/လက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့် သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူကြရမည့် သင်ခန်းစာများကို ဂရုစိုက်လေ့လာ၍ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

 အခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးအဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ၊ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ကြသည်။  အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ ၅ ရက်မှ မတ်လ ၄ ရက်နေ့ထိ  သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချ‌သွာမည်ဖြစ်‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)