ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား  အခမဲ့ဆေးကုသပေး

ကံမ ဖေဖော်ဝါရီ ၅                  

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများစစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး  ကုသပေးခဲ့သည်။

ထိုသို့ စစ်ဆေးကုသရာတွင် ကိုယ်အလေးချိန်တိုင်းတာခြင်း၊  သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို သွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်း၊ အမြင်အာရုံများစစ်ဆေးပေးခြင်းစသည်တို့ကိုဆောင်ရွက်ပေး၍ လိုအပ်သည့်ကုသမှုများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဆရာမများက အခမဲ့စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)