သာယာဝတီ ဒီဇင်ဘာ ၄
ရှန်တီစေတနာ့ဝန်ထမ်း (SVA) နှင့် သာယာဝတီခရိုင်နှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ CLC မှ စာကြည့်တိုက်မှူးများ ပူးပေါင်းပြီး တတိယအကြိမ်မြောက် စာကြည့်တိုက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ အဖွင့်အမှာစကားပြောကြားပြီး CLC မှ သင်တန်းတက်ရောက် သူများနှင့် မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် ပုံပြင်ပြောနည်းအသစ်ဖြစ်သော စက္ကူလိပ် ရုပ်သေးရုပ်ပြဇာတ်၊ "တူတူပုန်းတမ်းကစားရအောင်" နှင့် "ဝက်ကလေး ဖြူဖွေးဘာတွေစား" ၊တူတူပုန်းတမ်းကစားရအောင်ပုံပြင် မိတ်ဆက်ခြင်းနှင့် ပုံပြောနည်း၊ တူတူပုန်းတမ်း ကစားရအောင် ပုံပြင်မှ ဇာတ်ကောင်များ ဖန်တီးပြုလုပ်ပုံအဆင့်ဆင့်၊ ဝက်ကလေးဖြူဖွေး ဘာတွေစားပုံပြင် မိတ်ဆက် ခြင်းနှင့် ပုံပြောနည်းမျာကို အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးခဲ့ကြပြီး မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မာဝင်းက အတူတူကစားရအောင် ပုံပြင်ဖြင့် သရုပ်ပြမိတ်ဆက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)