ဖြူးမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်ခြင်းသရုပ်ပြ

ဖြူး ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာများရရှိစေရေးအတွက် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး၍ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးချမ်းဟိန်းလင်းက ကျောင်းသား/ ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောသည်။ ဆက်လက်၍ မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသုံးစွဲမှုစနစ်တကျရှိစေရေး၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားပေါ်ပေါက်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကိုလက်တွေ့သရုပ်ပြသမှုများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)