ပန်းတောင်း ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့နယ်စီမံကိန်း အကောင်အထည်ဖော် ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂)လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်တို့က စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးပြောကြား၍ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးခိုင်က မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် နိုင်ရေး ၂၀၂၁-၂၀၂၂ လုပ်ငန်းစီမံကိန်းများအကြောင်းကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရှင်းလင်းဆွေးနွေး ပြောကြားကာ တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ စီမံကိန်းဦးစီးဌာနမှ အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)