ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားအကပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ဒဂုံ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စု‌နေ့ အထိမ်းအမှတ်တိုင်းရင်းသား အကပြိုင်ပွဲနှင့် ဆုပေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဒဂုံသီရိခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဆရာကြီးဦးတင်လှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး Grade-9 ကျောင်းသား၊ ကျောင်းသူများမှ "ကယားတိုင်းရင်းသားရိုးရာအက" ၊Grade-7ကျောင်းသား၊ ကျောင်းသူများမှ" ရှမ်းတိုင်းရင်းသားရိုးရာအက"၊ Grade 11 ကျောင်းသား၊ကျောင်းသူများမှ" ကရင်တိုင်းရင်းသားရိုးရာအက"၊ Grade10 ကျောင်းသား၊ ကျောင်းသူများမှ "ရခိုင်တိုင်းရင်းသားရိုးရာအက" Grade -5ကျောင်းသား၊ ကျောင်းသူများ၏ ကချင်တိုင်းရင်းသားရိုးရာအက" Grade-4 ကျောင်းသား၊ ကျောင်းသူများမှ ဗမာတိုင်းအက" Grade-8 ကျောင်းသား၊ ကျောင်းသူများမှ "မွန်တိုင်းရင်းသားရိုးရာအက" Grade-6 ကျောင်းသား၊ ကျောင်းသူများမှ ချင်းတိုင်းရင်းသားရိုးရာအကများဖြင့် ပြိုင်ပွဲ၀င်ကြပြီး တိုင်းရင်းသားပြခန်းများပါ ပြိုင်ပွဲ၀င်ကြသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်ကာ တွန်းပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူ(၄၂) 1 ကျောင်းသား၊ ကျောင်းသူများက "ချစ်သောအာစီယံ" သီချင်းဖြင့်က ပြ‌ဖျော်ဖြေခဲ့ကြသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းက ကျေးဇူးတင်စကားပြောကြားခဲ့သည် အဆိုပါအခမ်းအနားသို့ တက်ရောက်သူ(၅၅၀)ဦးရှိကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)