ထန်းတပင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပူးပြင်းခြေက်သွေ့သော ရာသီကျရောက်ပြီဖြစ်သော ကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး အောင်မင်းထွန်းနှင့် တပ်ဖွဲ့ဝင် များ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်မီတာများ မိန်းခလုတ်ခုံများ မီးသတ်ဆေးဘူးများ မီးချိတ်မီးကပ်များ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူး အသုံးပြုပုံတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)