စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

 

စမ်းချောင်း ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ပြည်‌ထောင်နေ့ဖြစ်ပေါ်လာပုံ၊ ပြည်‌ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ကျင်းပရခြင်း အကြောင်းအရာများကို ဟောပြောခဲ့ သည်။

ဆက်လက်ပြီး (၇၈) နှစ်မြောက် ပြည်ထောင်စု‌နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ စာစီစာကုံးပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား/ ကျောင်းသူ (၂၀) ဦးက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား / ကျောင်းသူများအား ဆုများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)