ဇီးကုန်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးလန့်မှုနှင့် မီးလောင်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများမီးသတ်ဆေးဘူးများ အသင့်ထားရှိစေပြီး မီးသတ်ဆေးဘူးများ လေပေါင် ရှိ/မရှိတို့ကို စစ်ဆေး၍၊ မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို အသိပညာပေးလမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)