ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

ခရမ်း ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီကမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပထမဦးစွာ ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ အ.မ.က (၂) ကျောင်းမှ ကျောင်းသား/သူ(၁၅)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်‌‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)