ရွှေဘိုမြို့၌ (၇၈)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြု ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကျင်းပ

ရွှေဘို ဖေ‌ဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက်(၉)ခွဲအချိန်က အမှတ်(၂)အ​​ခြေခံပညာအထက်တန်းကျောင်း ​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ၌ ပန်းချီပြိုင်ပွဲတွင် "စစ်မှန်သောမျိုချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်မည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် "တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တိုင်းရင်းသားအားလုံး လက်တွဲကြိုးပမ်းစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် "ပြည်​ထောင်စုကြီး အဓွန့်ရှည်ဖို့ ပြည်ထောင်စုနေ့ကို အလေးထားစို့ ​"စသည့် ခေါင်းစဥ်များဖြင့် ရွှေဘိုမြို့နယ် ကျောင်းပေါင်းစုံမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၆၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲသို့ ခရိုင်/မြို့နယ်ပညာ​ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ၂၀၂၅ ခုနှစ် ​ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်​ထောင်စု​နေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးမြင့်စန်း(ပြန်/ဆက်)