ကွမ်းခြံကုန်းမြို့နယ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်‌နေ့က သုံးခွကျေးရွာ၊ မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ပြည်ထောင်စုနေ့သမိုင်းအကြောင်းအရာများနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာသူ/ရွာသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံနရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာ‌ပေးနံရံကပ်စာစောင်၊ မြိုနယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား ကျောင်းသား/သူ(၁ဝ၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)