မုံရွာ ဖေဖော်ဝါရီ ၅
မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကန်သာယာကန် ပြည်ထောင်စုကျွန်းရှေ့နှင့် မုံရွာမြို့အဝင်/အထွက် အလုံမင်းဒေါင့်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက မြေစိုက်ပိုစတာအား စိုက်ထူပေးခဲ့ကြသည်၊။
အဆိုပါ ၂၀၂၅ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာတွင် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုအဆောက်အဦများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၊ ပြည်ထောင်စုအထိမ်းအမှတ် ကျောက်တိုင်တို့ပါရှိသော ပိုစတာအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)