ကျိုက်မရော ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.လ.က(ခွဲ) သင်ဃန်းချောင်ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအား နှုတ်မှုရေးရာ အပြောစွမ်းရည်များ တိုးတက်စေရန် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက အစီအစဥ် တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အ.လ.က(ခွဲ) သင်ဃန်းချောင်ကျောင်းမှ Grade-9 တန်းမှ ကျောင်းသား၊ ကျောင်းသူ (၄) ဦးတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်တို့ဖြင့် ၄င်းတို့ဖတ်ရှုလေ့လာထားသည့် အတွေးအခေါ်များကို မျှဝေဆွေးနွေးခဲ့ကြရာ အစီအစဥ် တင်ဆက်သူက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ် ထွေး(ကျိုက်မရော)