ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ရေဦး ဖေဖော်ဝါရီ ၆

ကျောင်းသား/ကျောင်းသူများ ကလေးအလုပ်သမား၏အဓိပ္ပါယ်ကို သိရှိနားလည်စေရန်နှင့် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်ပြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက “ ကလေးအလုပ်သမားဟူသည် ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ သိရှိမှတ်သားနိုင်‌စေရန်အတွက် က‌လေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ကလေအလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့‌ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲတွင် မူလတန်းဆင့် ကျောင်းသား/ကျောင်းသူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 သန်းသန်း(ပြန်/ဆက်)