လိပ်သို ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သီးပင်စားပင်များကို ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးကို အထောက်အကူပြုသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး တော်သလင်းလမှ တပို့တွဲလအတွင်း စိုက်ပျိုးကြကြောင်း၊ ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ အပေါ်ယံမြေဖြူးပေးကာ ကောက်ရိုးပါးပါးနှင့် အုပ်ပေး၍ ပျိုးထောင်ရကြောင်း၊ အပင်ပေါက်လာပါက သီးသန့်ဘောင်များသို့ ပြောင်းရွေ့ကာ ပင်ကြားတန်းကြား (၉)လက်မခန့်ခြား၍ စိုက်ပျိုးနိုင်ကြောင်း၊ အပင်ရှင်သန်မှုပေါ် မူတည်၍ ရေဖျန်းပေးရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဆလပ်ကို ဒေသခံများက ဆိုင်တင်ရောင်းချခြင်း၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချကြပြီး ဝယ်ယူစားသုံးသူများပြားသည့်အတွက် တစ်စီးလျှင် (၁၀၀ဝိ-/)ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။
ခင်လေးနွယ်