တံတားဦးမြို့နယ်တွင် တိုင်းဒေသကြီးသဘာဝဘေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြေခင်းခြင်းလုပ်ငန်း စစ်ဆေး

တံတားဦး ဒီဇင်ဘာ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြေငူကျေးရွာအုပ်စုတွင် တိုင်းဒေသကြီးသဘာဝဘေးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက်လမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုကို တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်သန္တာဝင်းနှင့်တာဝန်ရှိသူများက ယမန်နေ့ကမွန်းလွဲ ()နာရီကကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်

ကျေးရွာချင်းဆက်လမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း  လမ်းအရှည်မှာ ()မိုင်ကျော်ရှိပြီး လမ်းကျယ်မှာ (၁၈)ပေရှိပါကြောင်း လမ်းအမြင့် အားမြင့် ()လက်မရှိကြောင်း လမ်းရေရှည်တည်တံ့ခိုင်မြဲရေး  ယခုဆောင်ရွက်ထားရှိသော လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် ပွင့်လင်းရာသီအချိန်တွင် အချိန်မီပြီးစီးအောင် ဆောင်ရွက် ကြရန်လိုကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၏ ပြောကြားချက်အရ သိရသည်

အဆိုပါလမ်းပြီးစီးပါက ကျေးရွာသူ/သားသည် လူမှုရေး စီးပွားရေး ကျန်းမာရေး ပညာရေး လုပ်ငန်းများ အလွယ်တကူသွားလာနိုင်သည့်အပြင် ကျေးရွာ၏ကုန်စည်စီးဆင်းမှု လွယ်ကူပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရာသီမရွေး အချိန်အခါမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း  ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်မှ ပြောကြား၍ သိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)