ကျောက်ကြီး ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးမှ တောင်ငူ ခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့ နေ့လယ်(၁၁)အချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန၊ မြို့နယ်အဆင့်အကြီးအကဲများနှင့် တွေ့ဆုံကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးမှ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးလက်ဒေသ လမ်းများ၊ တံတားများ၊ စက်ရေတွင်းများ၊ စာကြည့်တိုက်များ၊ ကျောင်း အဆောက်အဦးများ၊ ဝန်ထမ်းအိမ်ရာများ၊ လျှပ်စစ်မီး ရရှိရေးနှင့် စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှု ကာကွယ်ရန်၊ မြေထိန်းနံရံတည်ဆောက်မှု၊ ရေဦးလွှဲက တုတ်တန်းဆောင်ရွက်မှု လုပ်ငန်းများ၊ ဝန်ကြီးခရီးစဉ်တွင် မှတ်ချက်ပေးထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးအတည်ပြုခဲ့သည်။
ဆွေးနွေးပွဲသို့ ကရင်လူမျိုးတိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ တိုင်းဒေသ ကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်၊ ကျောက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်