လိပ်သို ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံများမှာ မိမိတို့ဥယျာဉ်ခြံများ၊ တောင်ယာခင်းများမှ အလေ့ကျပေါက်ရောက်သော တံမြက်စည်းများကို ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြကြောင်း သိရသည်။
အဆိုပါ တံမြက်စည်းပင်များမှာ သီးသန့်စိုက်ပျိုးရန် မလိုပဲလမ်းဘေးဝဲယာနှင့် ဥယျာဉ်ခြံများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိကြကြောင်း၊ ဒေသခံများက ရှာဖွေခုတ်ယူကြသကဲ့သို့ တောင်ယာပြန်ချိန်များတွင်လည်း တစ်ပိုင်တစ်နိုင် ခုတ်ယူသယ်ဆောင်ကြကြောင်း၊ ခုတ်ယူရရှိလာသော တံမြက်စည်းများကို နှစ်ရက်/သုံးရက်ခန့် နေလှန်းပြီးပွင့်ဖတ်၊ ပွင့်ခိုင်များကြွေကျအောင် ရိုက်ခါ၍နှီးဖြင့် အစည်းကလေးများစီးကာ အဝယ်ဒိုင်များသို့ သွားရောက် ရောင်းချကြကြောင်း၊ အချို့ဒေသခံများက အိမ်သုံးတံမြက်စည်းကိုကိုယ်တိုင်ပြုလုပ်၍ လက်လီပြန်လည်ရောင်းချကြကြောင်း သိရသည်။
လိပ်သိုမြို့တွင် တံမြက်စည်းအစို တစ်ပိဿလျှင် ၈၀ဝိ/- ကျပ်ဖြင့်လည်းကောင်း၊ အခြောက်တစ်ပိဿာလျှင် ၂၅၀ဝိ/- ကျပ်ဖြင့်လည်းကောင် ဝယ်ယူကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်