စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၆

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန် အသိပညာ‌ပေးဟောပြောရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ကျရာဒေသအသီးသီး ရောက်ရှိတာဝန်ထမ်းဆောင်ကြတဲ့အခါမှာလည်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ပြန်လည်မျှဝေဟောပြောနိုင်အောင် စိတ်ဝင်စားစွာ လေ့လာမှတ်သားသွာကြပါလို့ တိုက်တွန်းလိုပါကြောင်းပြောကြားကာ မြန်မာစာဌာန(ပါမောက္ခဌာနမှူး) ဒေါက်တာတင်တင်ဝင်းက “ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း”သိကောင်းစရာများကို အကျယ်တဝင့် ဟောပြောပေးခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်က အသိပညာပေးဟောပြောခဲ့သည့် မြန်မာစာဌာန(ပါမောက္ခဌာနမှူး)အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များက (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်ပါး များတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်