ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာ ဆွေးနွေးဖလှယ်ပွဲပြုလုပ်

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၄

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ UNFAO တို့ ပူးပေါင်း  ဆောင်ရွက်သည့် ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နည်းပညာဆွေး နွေးဖလှယ်ခြင်းကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်  ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါနည်းပညာဆွေးနွေးဖလှယ်ခြင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွှန့်က စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း နည်းပညာများဆွေးနွေးဖလှယ်ခြင်း ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ UNFAO မှ ကရင်ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးစပြည့်ဖြိုးအောင်က မိမိတို့အဖွဲ့အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များအားရှင်းလင်းပြောကြားသည်။

ထို့နောက်စိုက်ပျိုးရေးတောင်သူများနှင့် နည်းပညာဆွေးနွေးဖလှယ်ခြင်းကို ဆက်လက်ပြုလုပ်ရာ စပါး (RS-CS)မျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း၊မြေပဲ၊နှမ်း၊ ပဲတီစိမ်းသီးနှံတို့ကို(Good Agriculture Practices- GAP)ဖြင့်စိုက်ပျိုးခြင်းနှင့် (Climate Smart Agriculture-CSA) ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းအပေါ် (Farmer to Farmer) စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေး ဖလှယ်ခြင်း (Panel Discussion) များကို တာဝန်ရှိသူများနှင့်ကျေးရွာများမှ တက်ရောက်လာကြသည့် တောင်သူ(၁၅)ဦး တို့မှအလားတူနည်းပညာဆွေးနွေးဖလှယ်ခြင်းကို တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာတွင်လည်း နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းအချိန်က စိုက်ပျိုးရေးတောင်သူ(၂၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)