စလင်း ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးတွင် ပညာသင်ကြားနေသည့် ရဟန်းသံဃာများနှင့် သီလရှင်ဆရာလေးအပါး(၄၀၀)ကျော်အား အာရုံဆွမ်းလောင်းလှူခြင်းကို စလင်းမြို့နယ်၊ သာသနဟိတအာရုဏ်ဆွမ်းလောင်းအသင်းမှ စုပေါင်း၍ ယနေ့နံနက် (၅) နာရီ ၃၀ မိနစ်အချိန်က စျေးမရပ်ကွက် သာသနဟိတအာရုဏ်ဆွမ်းလောင်းအသင်းရှေ့၌ လောင်းလှူခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ် သာသနဟိတဆွမ်းလောင်းအသင်းကြီးမှ အကျိုးတော်ဆောင်ကြီးများမှ ဦးဆောင်ကြီးကြပ်မှုဖြင့် စုပေါင်း၍ အများပြည်သူများထံမှအလှူခံရရှိသည့် အလှူငွေများ ကျေးရွာအုပ်စုများအတွင်း လှည့်လည်အလှူခံရရှိခဲ့သည့်အလှူငွေများ လစဥ်စုဆောင်း၍ အများပြည်သူများ၏ လှူဒါန်းလိုသောသဒ္ဒါတရားတို့ဖြင့် စာသင်တိုက်အသီးသီးတို့တွင် ပညာသင်ကြားနေသည့် ရဟန်းသံဃာများနှင့်သီလရှင်ဆရာလေးများအား အာရုံဆွမ်းအခက်အခဲမရှိနိုင်စေရန်အတွက် စုပေါင်းလှူဒါန်းနိုင်ခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမကိုခံယူကြသောပြည်သူများမှ မြတ်ဗုဒ္ဓ၏ အဆုံးအမကိုခံယူ၍ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်ကြသော ဗုဒ္ဓဘာသာမြန်မာလူမျိုးများဖြစ်သည်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ရဟန်းသံဃာများနှင့်သီလရှင်ဆရာလေး စုစုပေါင်းအပါး(၄၀၀)ကျော်တို့အား စုပေါင်း၍အာရုံးဆွမ်းလောင်းလှူခဲ့ကြောင်း အာရုဏ်ဆွမ်းလောင်းအသင်းမှ သိရသည်။
(မောင်လွင်)စလင်း