(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းတွင်းစာစီစာကုံး၊ ကဗျာ၊  ပန်းချီပြိုင်ပွဲများ ကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်() နာရီက ကျင်းပခဲ့သည်။

အဆိုပါ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို အ.ထ.က(၁)မှ ကျောင်းအုပ်ဆရာကြီး ဒေါ်အေးအေးကြည်နှင့် ဆရာမများက အနီးကပ်ကြီးကြပ်၍ စာစီစာကုံးပြိုင်ပွဲတွင် ပြည်ထောင်စုနေ့ ဒို့မမေ့ခေါင်းစဥ်ဖြင့် ထက်/လယ်/မူအဆင့် ကျောင်းသား/သူ(၅၆)ဦး၊ ပန်းချီပြိုင်ပွဲတွင် “စည်းလုံးခြင်းသည် အင်အား” ခေါင်းစဉ်ဖြင့် ထက်/လယ်/မူအဆင့် ကျောင်းသား၊ကျောင်းသူ (၅၅)ဦး၊  ကဗျာပြိုင်ပွဲတွင် “စည်းလုံးခြင်းသည် အင်အား” ခေါင်းစဉ်ဖြင့် ထက်/လယ်/မူအဆင့် ကျောင်းသား၊ကျောင်းသူ (၃၀)ဦးတို့  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)