ကလေးဝမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဘောလီဘောပြိုင်ပွဲကျင်းပ

ကလေးဝ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဘောလီဘောပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်များမှ သစ္စာအဓိဋ္ဌာန်(၄)ချက်ကို သီဆိုကာ စတင်ယှဥ်ပြိုင်ခဲ့ကြ​​ကြောင်း သိရသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲတွင် ချင်းတွင်းအသင်း၊ ပြည်ချစ်သူအသင်း၊ ရွှေကျော်ဇင်အသင်းနှင့် Golden brother အသင်းတို့ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဥ်အဖြစ် ချင်းတွင်း အသင်းနှင့် Golden brother အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါဘောလီဘောပြိုင်ပွဲကို အသင်းလေးသင်းပတ်လည် ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)