ပိုင်ကျုံမြို့၊ အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပိုင်ကျုံ ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ် ၊ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံး ရရှိသည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/သူများကကျောင်း မြတ်ဆရာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လှိုင်းဘွဲမြို့နယ် လက်ထောက်ပညာရေးမှူးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ကြောင်းကိုလည်းကောင်း၊ အ.ထ.က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက မိဘ၊ ဆရာ ပူးပေါင်းကလေးပညာကောင်း၊ ကလေးများပညာရေးဆုံးခန်းတိုင်အောင် ဆောင်ရွက်ရေး သိကောင်းစရာများကိုလည်းကောင်း အသီးသီး အမှာစကား ပြောကြားပြီး‌နောက် ၂၀၂-၂၀၂ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ပလတ်စတစ် စွန့်ပစ်အမှိုက်များကို အသုံးချနိုင်အတွက် လက်မှုပညာပြိုင်ပွဲတွင် လက်ရာအသေသပ်ဆုံး ကျောင်းသား/သူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက်  ဆရာ/မများအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်

ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား  ကျောင်းသား လူငယ်များက တေးသီချင်းသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)