နန်းယွန်း မတ် ၂၀
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ နန်းယွန်းမြို့ အဝင်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် နန်းယွန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာသန်းထွန်းဝင်းတို့က အနီးကပ်ကြီးကြပ်မှုဖြင့် မြို့တွင်းဝင်ရောက်လာသည့် ခရီးသည်များအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကူးစက်မှု ရှိ/မရှိ အခြေအနေတို့ကို ရောဂါရှာဖွေရေးကိုယ်အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)