ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပိုင်ကျုံ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ငန်းကို ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အ‌မြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်‌ကျွေးပေးခဲ့သည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောင့်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်လက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်း လုပ်ငန်းကို လစဉ် ၆ ရက်နှင့် ၇ ရက်နေ့တွင် ပုံမှန်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)