ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စျေးများတွင် စျေးရုံသစ်များ တည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ စျေးများတွင် လိုအပ်လျက်ရှိသော စျေးရုံအသစ်များ တည်ဆောက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က သက်ဆိုင်ရာစျေးများသို့ ကွင်းဆင်ကြည့်ရှုစစ်ဆေး၍ တည်ဆောက် ပေးရမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ထို့သို့စျေးရုံအသစ်များ တည်ဆောက်ပေးခြင်းဖြင့် မိဘပြည်သူများ စျေးဝယ်ယူရာတွင် စိတ်ချမ်းသာစွာ ဝယ်ယူနိုင်စေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေးနှင့် စျေးရောင်းချသူများ အ နေဖြင့်လည်း ကျယ်ကျယ် ဝန်းဝန်းရောင်းချ နိုင်လိမ့်မည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးအေးနိုင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်တို့က သက်ဆိုင်ရာ စျေးတာဝန်ခံများနှင့် တွေ့ဆုံ၍ တည်ဆောက်မည့် နေရာများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

အိကေသရီ(ပြန်/ဆက်)