နန်းယွန်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နန်းယွန်း ဖေဖေါဝါရီလ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊​ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်ကလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း အုပ်ဆရာကြီးဦးရှန်ယုန်ကလည်းကောင်း အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ခွဲ အထက်တန်းကျောင်းများအတွက်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဌ ဦးအာကာတင်ဦးက ငွေကျပ် (၂၆) သိန်းအား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)